ဂျပန်နိုင်ငံတွင် သင်၏ဆောက်လုပ်ရေးကျွမ်းကျင်မှုကို အသုံးချကြည့်ကြပါစို့။
အရည်အသွေးမြင့် ဆောက်လုပ်ရေးကုမ္ပဏီများ၏အလုပ်အကိုင်အခွင်းအလမ်းများကိုသာ ရွေးချယ်ပေးပါသည်။ ဂျပန်နိူင်ငံသားများနှင့် တူညီသည့်စည်းကမ်းသတ်မှတ်ချက်များဖြင့်လုံခြုံစိတ်ချစွာ လုပ်ငန်းခွင်ဝင်ရောက်နိုင်မှာြဖစ်ပါသည်။ နိုင်ငံအမျိုးမျိုးမှညှိနိူင်းရေးမှူးများက အလုပ်ဝင်ပြီးနောက်အထိ အတူလိုက်ပါဆောင်ရွက်သွားမှာဖြစ်ပါသည်။ ၆၀ စက္ကန့်အတွင်း လွယ်ကူစွာ အလုပ်လျှောက်ထားနိုင်မှာြဖစ်ပါသည်။
သင့်အား ဆောက်လုပ်ရေးလုပ်ငန်းလောကတွင် အသက်မွေးဝမ်းကြောင်းမှုဖြင့် ရာထူးတိုးတက်အောင်လုပ်ဆောင်ပေးနိူင်သော အာရှစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနမှကြိုဆိုပါသည်။
ဆောက်လုပ်ရေး စီမံခန့်ခွဲမှု၊ဒီဇိုင်းရေးဆွဲမှုCAD/BIM စသည့် ကျွမ်းကျင်မှုများကို အသုံးချ၍ ရာထူးတိုးတက်နိုင်သော အကောင်းဆုံးအလုပ်အကိုင်များကို မိတ်ဆက်ပေးပါမည်။
ဗီယက်နမ်နှင့် မြန်မာဘာသာ ပြောနိုင်သော ဝန်ထမ်းများရှိသောကြောင့် ဘာသာစကားအခက်အခဲအတွက်စိတ်ပူစရာမလိုပါ။
လုပ်ငန်းကျွမ်းကျင်သူများက သင်၏စိတ်ကူးမျှော်လင့်ချက်အိပ်မက်ထဲရှိအလုပ်အကိုင်ကို အကောင်အထည်ဖော်နိုင်ရန် ကူညီဆောင်ရွက်ပေးပါမည်။
နိုင်ငံခြားသား ဆောက်လုပ်ရေးအင်ဂျင်နီယာအလုပ်အကိုင်ခန့်အပ်နိူင်မှု၏ အောင်မြင်မှုများလည်းရှိနေပါသည်။
















ရွေးချယ်ထားသော အလုပ်အကိုင်အကြောင်းအချက်အလက်များ
ဆောက်လုပ်ရေးဗိသုကာစီမံခန့်ခွဲမှု
- အလုပ်တာဝန်အကျဉ်း
- ဆောက်လုပ်ရေးလုပ်ငန်းခွင် စီမံခန့်ခွဲမှု (ရုံးခန်း၊ ဆေးရုံ၊ နေအိမ်၊ စက်ရုံ စသည်)
- လစာ
- လစာ ¥280,000 မှ ¥590,000 / နှစ်လှည့်ဆုကြေး2 ကြိမ်
- အလုပ်ပိတ်ရက်
- တစ်နှစ်တွင်းအနားယူရက် 126 ရက် (စနေ၊ တနင်္ဂနွေ၊ အားလပ်နှင့်နှစ်ကုန်နှင့်နှစ်သစ်ပိတ်ရက်များ)
- အားလပ်ခွင့်နှင့် အကျိုးခံစားခွင့်များ
- လေ့ကျင့်သင်ကြားပေးမှုအစီအစဉ်ရှိပြီး အသက် ၇၀ အထိ လုပ်ကိုင်နိုင်ပါသည်။
- အလုပ်အကိုင်အမျိုးအစား
- အမြဲတမ်းဝန်ထမ်း
- ရွေးချယ်ခြင်း လုပ်ငန်းစဉ်
- စာရွက်စာတမ်းစိစစ်မှု → မေးမြန်းမှု ၂ ကြိမ် → အလုပ်အပ်ခြင်း
ဒီဇိုင်း (ဆောက်လုပ်ရေးအကြီးအကဲ)
- အလုပ်တာဝန်အကျဉ်း
- အဆောက်အအုံများနှင့် ကူးသန်းရောင်းဝယ်ရေးအဆောက်အအုံများဆောက်လုပ်ရေးစီမံခန့်ခွဲမှု (အရည်အသွေးစစ်ဆေးခြင်း၊ စာရွက်စာတမ်းစစ်ဆေးခြင်း)
- လစာ
- လစာ ¥182,000 မှ ¥343,000 / နှစ်စဉ်ဆုကြေး ၂ ကြိမ် (နှစ်စဉ်ဝင်ငွေအတွင်းပါဝင်ပြီး)
- အလုပ်ပိတ်ရက်
- စနေ၊ တနင်္ဂနွေ၊ အားလပ်ရက်များGWပိတ်ရက်များနွေရာသီ ဆောင်းရာသီပိတ်ရက်များ၊ နှစ်အလိုက်နားချိန်များရရှိမည်ဖြစ်သည်။
- အားလပ်ခွင့်နှင့် အကျိုးခံစားခွင့်များ
- အရည်အချင်းလက်မှတ်ဆုကြေး ¥1,000,000၊ လစဉ်အရည်အချင်းလက်မှတ်ပေးအပ်ငွေ ¥10,000 ~ ¥30,000၊ ပင်စင်ငွေ၊ အိမ်ရာစနစ် စသည့်အခြားအကျိုးခံစားခွင့်များရှိပါသည်။
- အလုပ်အကိုင်အမျိုးအစား
- အမြဲတမ်းဝန်ထမ်း (စမ်းသပ်ကာလ ၃ လ)
- ရွေးချယ်ခြင်း လုပ်ငန်းစဉ်
- စာရွက်စာတမ်းစိစစ်မှု → မေးမြန်းမှု ၂ ကြိမ် → ရေးဖြေစစ်ဆေးမှု
မြို့ပြ အင်ဂျင်နီယာဆောက်လုပ်ရေး စီမံခန့်ခွဲမှု
- အလုပ်တာဝန်အကျဉ်း
- မြို့ပြ အင်ဂျင်နီယာဆောက်လုပ်ရေးအလုပ်များ (လမ်းများ၊ Tunnel များ၊ ရေဖြတ်ကြောင်းများ စသည်) ၏ စီမံခန့်ခွဲမှု
- လစာ
- လစဉ်လစာ ¥280,000 မှစ၍ (အမြဲတမ်းအချိန်ပိုအခကြေးငွေအပါအဝင်) / နှစ်စဉ်ဆုကြေး ၂ ကြိမ်
- အလုပ်ပိတ်ရက်
- နှစ်စဉ်နားရက် 125 ရက်၊ တစ်ပတ်အပေါ်တွင် နားရက် ၂ ရက်ရှိသည်။
- အားလပ်ခွင့်နှင့် အကျိုးခံစားခွင့်များ
- လမ်းခရီးစရိတ်အပြည့်အဝရရှိမည့်အပြင်၊ မိသားစုထောက်ပံ့ငွေ၊ အိမ်ရာစနစ်၊ အရည်အချင်းလက်မှတ်ထောက်ပံ့ငွေ၊ ပင်စင်လစာစနစ် (ပြန်လည်အလုပ်ခန့်အပ်ခြင်းရှိ)။
- အလုပ်အကိုင်အမျိုးအစား
- အမြဲတမ်းဝန်ထမ်း
- ရွေးချယ်ခြင်း လုပ်ငန်းစဉ်
- စာရွက်စာတမ်းစိစစ်ခြင်း → ပထမအကြိမ်မေးမြန်းခြင်း → နောက်ဆုံးမေးမြန်းခြင်း → အလုပ်အပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ကို အကြောင်းကြားပေးခြင်း
အဘယ်ကြောင့် ကျွန်ုပ်တို့ကို ရွေးချယ်ရပါသနည်း။
အရည်အသွေးမြင့် အလုပ်အကိုင်များကိုသာ ရွေးချယ်ပါသည်။
စည်းမျဉ်းစည်းကမ်း မလိုက်နာသော သို့မဟုတ် ဘေးမကင်းသော ကုမ္ပဏီများကို လုံးဝမိတ်မဆက်ပေးပါ။ ကျွန်ုပ်တို့ယုံကြည်ရသော အရည်အသွေးမြင့် ဆောက်လုပ်ရေးကုမ္ပဏီများကိုသာ ရွေးချယ်ပေးနေပါသည်။
တရားမျှတသော လုပ်ငန်းခွင်အခြေအနေများကို အာမခံပါသည်။
အခမဲ့အချိန်ပိုလုပ်ခြင်း သို့မဟုတ် မမှန်ကန်သော လျှော့ချပေးမှု မရှိပါ။ လစာ၊ ဆုကြေးနှင့် အနားချိန်တို့သည် ဂျပန်လူမျိုးများနှင့် တူညီသည့် တရားမျှတမှုစည်းမျဉ်းများဖြင့် အာမခံထားပါသည်။ သင်၏ကြိုးစားမှုကို မှန်မှန်ကန်ကန် အကဲဖြတ်သတ်မှတ်မည့်ပတ်ဝန်းကျင်ဖြစ်ပါသည်။
သင်အတွက်သင့်တော်သော ကုမ္ပဏီများကိုသာ မိတ်ဆက်ပေးပါသည်။
အလုပ်ရွေးချယ်ရာတွင် နောင်တရမှုများမရှိစေရန်၊ ကောင်းသောအချက်များနှင့် အားနည်းသောအချက်များကို တိတိကျကျ ထုတ်ဖော်ပြောပြပေးပါမည်။ သင့်အတွက်သင့်လျော်သော ကုမ္ပဏီများကိုသာ မိတ်ဆက်ပေးသောနေပြီး၊ အများအပြားသော စီနီယာများက တူညီသောကုမ္ပဏီတွင် ကာလကြာရှည်စွာ လုပ်ကိုင်နေသောကုမ္ပဏီကိုသာ မိတ်ဆက်ပေးနေပါသည်။
နိုင်ငံအမျိုးမျိုးမှ ညှိနိူင်းရေးမှူးများက သင့်နှင့်အတူ အတူလိုက်ပါဆောင်ရွက်သွားမှာဖြစ်ပါသည်။
ဂျပန်နိူင်ငံရှိလုပ်ငန်းခွင်တွင်အလုပ်အတွေ့အကြုံရှိသော သင်၏တိုင်းပြည်မှစီနီယာမှ သင့်ကို အထူးကူညီပေးပါမည်။ အလုပ်နှင့် သက်ဆိုင်သောကိစ္စအပြင် နေထိုင်စားသောက်မှုအထိ အကြောင်းအရာများကိုပါ မိခင်ဘာသာစကားဖြင့် အချိန်မရွေး တိုင်ပင်နိုင်ပါသည်။
အလုပ်ဝင်ခြင်းအထိ လုပ်ဆောင်ရမည့်အဆင့်များ
လျှောက်လွှာတင်ခြင်း
ကြာချိန် ၁ မိနစ်ခန့် / သတင်းအချက်အလက် သိလိုသူများလည်း ကြိုဆိုပါသည် / အခမဲ့ဖြစ်ပါသည်။
အခုပဲ တိုင်ပင်လိုက်ပါ။ကိုယ်ပိုင်တိုင်ပင်ဆွေးနွေးအကြံပေးမှု
လူတွေ့တွေ့ဆုံခြင်း၊ အွန်လိုင်း သို့မဟုတ် ဖုန်းဖြင့် တိုင်ပင်နိုင်ပါသည်။ ပုံမှန်ရက်များတွင်ညအချိန်နှင့် စနေနေ့/တနင်္ဂနွေနေ့တွင်လည်းဆွေးနွေးနိုင်ပါသည်။
အလုပ်အကိုင် မိတ်ဆက်ခြင်း
သင့်အတွက်ဆီလျှော်အသောအလုပ်အကိုင်များကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်သွားနိူင်မည့် လုပ်ငန်းဆိုင်ရာအချက်အလက်များကို မျှဝေပေးသွားမှာ ဖြစ်ပါသည်။
လျှောက်ထားမည်လျှောက်လွှာတင်ခြင်း
အကြံပြုစာအတူတင်ပေးခြင်း၊ စာရွက်စာတမ်း ပြင်ဆင်ခြင်းနှင့် လျှောက်ထားရန် အကြောင်းအရင်းအကြံပြုခြင်း။
မေးမြန်းခြင်း
မေးမြန်းမှုများအားအချိန်ညှိနှိုင်းခြင်း၊ ယူဆောင်လာရမည့်အရာများစစ်ဆေးခြင်း၊ ကုမ္ပဏီအလိုက် မေးခွန်းများဖြင့် ပြင်ဆင်ခြင်းနှင့် အကြံပေးဆက်သွယ်မှု။
အလုပ်ခန့်အပ်ခြင်းအတည်ပြုချက်
အလုပ်အခြေအနေများစစ်ဆေးခြင်းနှင့် ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးခြင်း။
လျှောက်လွှာတင်ခြင်း စတင်ပါ။အလုပ်ဝင်ခြင်း
အလုပ်ဝင်ပြီးနောက် တည်နေရာတကျ ဖြစ်အောင် ထိန်းသိမ်းပေးပြီး မိမိဘာသာစကားဖြင့် အချိန်မရွေး တိုင်ပင်နိုင်ပါသည်။
အချိန်မရွေး လွယ်လွယ်ကူကူ ဆက်သွယ်ပါ။
အရင်ဆုံး လွယ်လွယ်ကူကူ ဆွေးနွေးခြင်းမှ စပါ။ မိမိဘာသာစကားဖြင့် ဆက်သွယ်နိုင်ပါသည်။
ပြည့်စုံသောကူညီဆောင်ရွက်ခြင်းအချက်အလက်များ
လူတွေ့မေးမြန်းမှုမတိုင်မီ ကူညီဆောင်ရွက်ခြင်း
- ကိုယ်ရေးရာဇဝင်နှင့် အလုပ်အတွေ့အကြုံစာရွက် ပြင်ဆင်ခြင်း
- လူတွေ့မေးမြန်းမှုလေ့ကျင့်ခြင်းနှင့် မေးခွန်းပြင်ဆင်မှု
- ဗီယက်နမ်၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာဖြင့် တိုင်ပင်နိုင်ပါသည်။
အလုပ်ဝင်ပြီးနောက် အထောက်အပံ့
- ပုံမှန်ကာလများတွင် နောက်ဆက်တွဲကူညီဆောင်ရွက်မှု
- အလုပ်နေရာတွင် ဖြစ်ပေါ်သော ပြဿနာများအပေါ် အကြံပေးမှု
- ရာထူးတိုးတက်မှုအထောက်အပံ့
စီနီယာများ၏ အောင်မြင်သော အလုပ်ပြောင်းရွေ့မှုအတွေ့အကြုံများ မိတ်ဆက်ပေးခြင်း
တစ်လလျှင် အချိန်ပို ၈၀ နာရီလုပ်ရသောယာယီဝန်ထမ်းမှ လုပ်ငန်းနှင့် အချိန်ပြည့်ဝန်ထားအဖြစ်သို့ ပြောင်းလဲခြင်း
ယာယီဝန်ထမ်း
နှစ်စဉ်ဝင်ငွေ ¥6,000,000
ထိပ်တန်းကုမ္ပဏီ (အမြဲတမ်းဝန်ထမ်း)
နှစ်စဉ်ဝင်ငွေ ¥6,900,000
အောင် (အသက် ၃၀ နှစ်)
မြန်မာနိုင်ငံသား (N2)
ဆောက်လုပ်ရေးစီမံခန့်ခွဲမှု
ကျေးလက်မှသည် အိမ်မက်မြို့တော်တိုကျိုသို့ ရောက်လာပြီး ဆောက်လုပ်ရေးကုမ္ပဏီကြီးများတွင် ဒီဇိုင်းအလုပ်အကိုင်ဖြင့် ခြေတလှမ်း အသစ်ဖြင့်စတင်လိုက်ပါ။
ရာမဂုချိခရိုင်တွင်ရှိသော(ဆောက်လုပ်ရေးရုံးခွဲ)
နှစ်စဉ်ဝင်ငွေ ¥4,000,000
တိုကျိုမြို့ (ဆောက်လုပ်ရေးကုမ္ပဏီကြီး)
နှစ်စဉ်ဝင်ငွေ ¥5,300,000
တိုကျိုတွင် အလုပ်လုပ်ခြင်းသည် ကျွန်ုပ်၏အိပ်မက်ဖြစ်သည်။ ကျေးလက်မှ အလုပ်ပြောင်းခြင်းအပေါ် စိုးရိမ်မှုရှိခဲ့သော်လည်း ကူညီအားဖြည့်ပေးပြီး ကောင်းမွန်သော ကုမ္ပဏီတစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ လစာတိုးလာပြီး တိုကျိုတွင် အသက်မွေးမှုကို ပျော်ရွှင်နေရပါသည်။
ဂွင် (အသက် ၃၀ နှစ်)
ဗီယက်နမ်နိုင်ငံသား (N2)
ဒီဇိုင်း
ဟိုကိုင်းဒိုးမှ တိုကျိုသို့ ပြောင်းပြီး အလုပ်အောင်မြင်စွာ ပြောင်းနိုင်ခဲ့သည်။ နှစ်စဉ်ဝင်ငွေ ¥1,600,000 တိုးတက်ခဲ့သည်။
ဟိုကိုင်းဒိုး (ယာယီဝန်ထမ်း)
နှစ်စဉ်ဝင်ငွေ ¥3,200,000
တိုကျိုမြို့ (စတော့အိမ်ရှင်ကုမ္ပဏီ)
နှစ်စဉ်ဝင်ငွေ ¥4,800,000
ဂျပန်တွင် အလုပ်ပြောင်းခြင်းမှာ ပထမဆုံးဖြစ်သော်လည်း မိမိဘာသာစကားဖြင့် တိုင်ပင်နိုင်တာကြောင့် စိတ်သက်သာမှုရရှိခဲ့ပါသည်။ လူတွေ့မေးမြန်းမှုလေ့ကျင့်ခြင်းတွင် ကူညီပေးသည့်အတွက် ယုံကြည်မှုတိုးတက်လာခဲ့သည်။ အလုပ်ဝင်ပြီးနောက်လည်း ပုံမှန်ဆက်သွယ်မှုရှိသောကြောင့် အားထားရသောအဖွဲ့အဖြစ် ခွန်အားဖြစ်ရပါသည်,
Kyaw San (အသက် ၃၀ နှစ်)
မြန်မာနိုင်ငံသား (N2)
ဆောက်လုပ်ရေးစီမံခန့်ခွဲမှု
အတွေ့အကြုံမရှိပါသော်လည်း ဒီဇိုင်းအလုပ်အကိုင်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။
ထမ်းပေးဝန်ထမ်း (ဆောက်လုပ်ရေးစီမံခန့်ခွဲမှု)
နှစ်စဉ်ဝင်ငွေ ¥4,000,000
အမြဲတမ်းဝန်ထမ်း (ဒီဇိုင်း)
နှစ်စဉ်ဝင်ငွေ ¥4,800,000
ဒီဇိုင်းအတွေ့အကြုံမရှိသောကြောင့် မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပါသည်။ သို့သော် သူတို့က ကျွန်ုပ်ကို ယုံကြည်ပြီး ကောင်းသော ကုမ္ပဏီတစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ အခုအလုပ်အသစ်ကို နေ့တိုင်း ပျော်ရွှင်စွာ လုပ်နေပါသည်။ ဤအခွင့်အလမ်းအတွက် တကယ်ကျေးဇူးတင်ပါသည်။
စု (အသက် ၂၀ ကျော်)
မြန်မာနိုင်ငံသား (N2)
ဒီဇိုင်း
အချိန်မရွေး လွယ်လွယ်ကူကူ ဆက်သွယ်ပါ။
အရင်ဆုံး လွယ်လွယ်ကူကူ ဆွေးနွေးခြင်းမှ စပါ။ မိမိဘာသာစကားဖြင့် ဆက်သွယ်နိုင်ပါသည်။
အမေးများသောမေးခွန်းများ
အပြည့်အဝ အခမဲ့ဖြစ်ပါသည်။ အလုပ်မိတ်ဆက်ခြင်းမှ အလုပ်ဝင်ပြီးနောက် ထောက်ခံမှုအထိ ဘယ်အခကြေးငွေမှ ပေးရန်မလိုအပ်ပါ။
ဟုတ်ကဲ့၊ မှတ်ပုံတင်ခြင်းသာ ပြုလုပ်လိုသူများကိုလည်း ကြိုဆိုပါသည်။ အနာဂတ်အလုပ်ပြောင်းရန်အတွက် သတင်းအချက်အလက် သိရှိချင်သူများလည်း လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါသည်။
ဗီယက်နမ်နှင့် မြန်မာဘာသာ ပြောနိုင်သောဆက်နွယ်သူများရှိပါသည်။ မိမိဘာသာစကားဖြင့် တိုင်ပင်နိုင်ပါသည်။ စိတ်ချလက်ချဖြင့် တိုင်ပင်ဆောင်ရွက်ပေးပါ။
ဆောက်လုပ်ရေးအတွေ့အကြုံ သို့မဟုတ် လက်မှတ်မရှိသူများအတွက်လည်း လုပ်ချင်စိတ်နှင့် လေ့လာချင်စိတ်ရှိပါက လျှောက်ထားနိုင်သော အလုပ်များရှိပါသည်။ အရင်ဆုံး ဆွေးနွေးပါ။
အများအပြားသောအလုပ်များတွင် အိမ်ရာစနစ် သို့မဟုတ် နေရာအထောက်အပံ့ပေးငွေ ပါဝင်ပါသည်။ နေရာအကြောင်းအရာများကိုလည်း တိုင်ပင်နိုင်ပါသည်။
အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ လစာညှိနှိုင်းရာတွင် ကူညီပေးပါမည်။ သို့သော် ကုမ္ပဏီစည်းမျဉ်းအပေါ်မူတည်၍ သတ်မှတ်ချက်များအပေါ်တွင် နားလည်ပေးစေလိုပါတယ်။
ကျွန်ုပ်တို့သည် လုံးဝလျှို့ဝှက်မှုစည်းမျဉ်းများကို လိုက်နာပါသည်။ သင်၏အကြောင်းအရာကို သင်၏သဘောတူမရှိဘဲ လက်ရှိအလုပ်ရှင်ထံ မပေးပို့ပါ။ စိတ်သက်တောင့်သက်စွာဖြင့်အလုပ်ရှာနိုင်ပါသည်။
အလုပ်ဝင်ခြင်းအတွက် လိုအပ်သော အကြံပေးမှုနှင့် အလုပ်ဝင်ပြီးနောက် ကူညီစောင့်ရှောက်မှုများကို ဆက်လက်ပေးပါသည်။
ဟုတ်ကဲ့၊ လျှောက်ထားနိုင်ပါသည်။ သို့သော် လူတွေ့မေးမြန်းမှုအချိန် မတူအောင် ကြိုတင်ညှိနှိုင်းပေးပါမည်။
အချိန်မရွေး လွယ်လွယ်ကူကူ ဆက်သွယ်ပါ။
အရင်ဆုံး လွယ်လွယ်ကူကူ ဆွေးနွေးခြင်းမှ စပါ။ မိမိဘာသာစကားဖြင့် ဆက်သွယ်နိုင်ပါသည်။
ယခင်အလုပ်တွင် အချိန်ပိုများအလုပ်လုပ်ရပြီး ခက်ခဲခဲ့ပါသည်။ သို့သော် သူတို့က ကျွန်ုပ်၏ ဆန္ဒကို နားထောင်ပြီး လုပ်ရလွယ်သော ကုမ္ပဏီတစ်ခုကို မိတ်ဆက်ပေးခဲ့ပါသည်။ ယခု အမြဲတမ်းဝန်ထမ်းဖြစ်လာပြီး စိတ်အေးလက်အေးဖြင့်ပျော်ရွှင်ရပါသည်။